ထန်တလန် ၈ ဇွန်
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိမရှိကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီဝင်များက ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ယင်းစားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ကွင်းဆင်းစစ်ဆေးရာတွင် စားပွဲခုံအား မှန် သို့မဟုတ် ပလတ်စတစ်တို့ဖြင့် ကာထားခြင်းကိုလည်းကောင်း၊ Hand Gell လက်ဆေးရည်ကို လည်းကောင်း၊ အစားအသောက် ရောင်းချ ပြင်ဆင်ဝန်ဆောင်မှုပေးသူများအားလုံး Face Shield နှင့်Mask တပ်ဆင်ခြင်းနှင့်လက်အိတ်စသည်ဖြင့်ကိုင်တွယ်ရောင်းချရန် ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စည်းကမ်း ချက်များနှင့်ကိုက်ညီမှုရှိသောဆိုင်များကိုသာ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခွင့်ပြု ပေးမည်ဖြစ်ပြီး သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိသော ဆိုင်များကို အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကော်မတီဝင်များ ဖြစ်ကြသည့် မြို့နယ်စည်ပင်အမှုဆောင် အရာရှိ ဦးဗန်ဇအုပ်နှင့်ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊စေတနာ့ဝန်ထမ်းများ ပူပေါင်း၍ အဖွဲ့ (၂ ) ဖြင့် ဖွဲ့စည်းကာ နေ့စဉ်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


