လှိုင်သာယာ(အနောက်ပိုင်း) ၈  ဇွန် 

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်  လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စောင့်ကြည့်လူနာများထားရှိရန် စီစဉ်လျက်ရှိသော အနောက်ပိုင်း နည်းပညာတက္ကသိုလ် ပုဂံအဆောင်နှင့် အဆောင်ပတ်ဝန်းကျင်သန့်ရှင်းရေး ယနေ့ နံနက်   ၉ နာရီက စတင် ဆောင်ရွက်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အလုပ်သမားခေါင်းဆောင် ဦးအောင်ဝင်းထွန်းမှ ဦးဆောင်၍ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် စောင့်ကြည့်လူနာများထားရှိရန်  စီစဉ်လျက်ရှိသော အပြင်ပဒံကျေးရွာ အနောက်ပိုင်းနည်းပညာတက္ကသိုလ် ပုဂံဆောင်တွင် အဆောင်နှင့် အဆောင် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းမှစ၍ စတင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

မြသန္တာဝင်း(ပြန်/ဆက်)