ကရသူရိ ၈  ဇွန်

 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၌  စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကလေးများအတွက် အွန်လိုင်းမှတစ်ဆင့် ပုံပြင်ဖတ်ပြခြင်းအစီအစဉ်ကို ယနေ့ နံနက် ၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

           

Onlineမှ ပုံပြင်ဖတ်ပြခြင်းကို ဒေါ်သင်းသင်းမော်(စာထောက်-၃)က ဇာတ်လမ်းနှင့်သရုပ်ဖော်- ထွန်းထွန်းဝင်း(ရန်ကုန်တက္ကသိုလ်)၏ သစ်ပင်လေးတွေ စိုက်ကြမည် စာအုပ်ဖြင့် ကလေးငယ်များ ပုံပြင်နားထောင်းခြင်းဖြင့် အသိပညာဗဟုသုတရရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါဆောင်ရွက်ခြင်းဖြင့် ကိုဗစ်- 19 ကာလအတွင်း ပြည်သူ့စာကြည့် တိုက်သို့ မလာရောက်နိုင်သည့် ကလေးများ မိမိအိမ်မှာနေ၍ Online မှ ပုံပြင်နားထောင်ခြင်းဖြင့် ဗဟုသုတများ တိုးပွားနိုင်ရေး ပုံပြင်ဖတ်၊ ပုံပြင်ပြောအစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုးဝင်း(ပြန်/ဆက်)