ရွှေတောင်  ၈  ဇွန်

 

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်မှုစောင့်ကြည့်ရေး စခန်းများထားရှိရာမှ ပိတ်သိမ်းပြီး စာသင်ကျောင်းများအား ကျောင်းဖွင့်ရက်အမီ ကျောင်းအတွင်း/အပြင်ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ရွှေတောင်မြို့နယ် ပရဟိတအသင်းမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ညောင်ဝိုင်း၊ ကံသုံးဆင့်၊ တောဟိုင်၊ ကြို့ကုန်း၊ ရွှေဟင်္သာ အုပ်စုအတွင်းရှိ ကျောင်း(၄)ကျောင်း၊ သရက်သုံးပင်၊ လက်ပံပု စုစုပေါင်း(အ-မ-က) ကျောင်း(၁၀)ကျောင်းတို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရွှေတောင်မြို့နယ်ပရဟိတအဖွဲ့များ ပူးပေါင်းကာ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ရွှေတောင်မြို့နယ်အတွင်းရှိ ပိတ်သိမ်းရန် ကျန်ရှိနေသေးသည့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးစောင့်ကြည့်စခန်းများကို ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ကိုကိုမင်း(ပြန်/ဆက်)

 

mdn