ခန္တီး ၈   ဇွန် 

 

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ မင်္ဂလာဈေးကို  ကိုဗစ်-၁၉ ကြိုတင်ကာကွယ်သည့်အနေဖြင့် ဧပြီ ၁၇ ရက်နေ့တွင် အသား၊ ငါးနှင့်ကုန်စိမ်းရောင်း ဈေးသည်များကို မြို့နယ်အားကစားကွင်း၌ ယာယီဈေးဖွင့်လှစ်ပြီး ရောင်းချစေခြင်းနှင့် ဧပြီ ၂၄ ရက်နေ့တွင် ကုန်စုံဆိုင်နှင့် အထည်ဆိုင်များကိုလည်း ဈေးအတွင်းမှ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားရေး ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။

 

ယခုအခါ မိုးတွင်းကာလရောက်ရှိချိန်ဖြစ်သဖြင့် မြို့နယ်အားကစားကွင်း၌ ယာယီရောင်းချနေသည့် ပျံကျဈေးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက် အရ ဇွန် ၂ ရက်နေ့တွင် အထည်ဆိုင်နှင့်ကုန်စုံဆိုင်များကို ပြန်လည်ဖွင့်လှစ်စေကာ အသား၊ ငါးနှင့် ကုန်စိမ်းရောင်း ဈေးသည်များကိုလည်း နေရာသတ်မှတ်ထားသည့် Social Distancing အတိုင်း ဇွန် ၁၂ ရက်နေ့တွင် မင်္ဂလာဈေးကို စနစ်တကျ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရ သည်။

 

စနေမောင်(ခန္တီး)