နေပြည်တော် ၈ ဇွန်
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာဆိပ်ကမ်း (Manila Bay) တွင် ကျောက်ချရပ်နားထားခဲ့သော Royal Caribbean Cruise.Ltd ကုမ္ပဏီပိုင် အပျော်စီးသင်္ဘောလိုင်းမှ မြန်မာသင်္ဘောသား အမှုထမ်းစုစုပေါင်း (၃၀) ဦးအား Royal Caribbean Cruise.Ltd နှင့် မြန်မာသံရုံး၊ မနီလာမြို့ ပူးပေါင်းစီစဉ်သည့် Relief Flight Air Asia Philippines အထူးလေယာဉ်၊ ခရီးစဉ်အမှတ် Z2 800 ဖြင့် ဇွန် ၈ ရက်၊ မွန်းလွဲ ၂ နာရီ ၅၅ မိနစ် အချိန်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံး၊ မနီလာမြို့ရှိ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Credit-နိုင်ငံခြားရေးဝန်ကြီးဌာန


