ဖလမ်း  ၈ ဇွန်      

ဖလမ်းမြို့၊ မြို့အဝင် ကြိုဆိုပါ၏ အနီးရှိ Public Toilet အား ဖလမ်းနှစ်ခြင်းခရစ်ယာန် အသင်းတော် လူလတ်အဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဇွန် ၈ ရက် နံနက် ၇ နာရီက စုပေါင်းသန့်ရှင်း ရေးပြုလုပ်ပြီး ပြန်လည်မွမ်းမံခဲ့ကြောင်း သိရသည်။

 

“ဆွန်ုကျဲအို အမှတ်တရကျောက်တိုင်ဘေးက Public Toilet အများသုံးတဲ့နေရာလေးကို ၂၀၁၂ မှာ ကျွန်တော်တို့ လူလတ်အဖွဲ့က စပြီးတော့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အသင်းတော်ကနေစဖွဲ့ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အခုဒီဟာကို ပျက်စီးယိုယွင်းနေတဲ့အပိုင်းလေးတွေကို ကျွန်တော်တို့ ပြင်ဆင်တာဖြစ်တယ်”လို့ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်သိက္ခာတော်ရဆရာတော် ထောင်းဘိခ် က ပြောသည်။

 

ဖလမ်းမြို့ကို လာရောက်တဲ့ ခရီးသွားပြည်သူတွေအနေနဲ့ အဆိုပါ Public Toilet မှာ အပေါ့အပါး အဆင်ပြေစွာ သွားနိုင်ရေးရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 

 “ခရီးသွားပြည်သူများအနေနဲ့ ခရီးတစ်ထောက်နားလို့ရမယ်။ ဆုတောင်းလို့ရမယ်။ အပေါ့အပါး လေး သွားလို့ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီအနီးအနားမှာ ဒီလိုမျိုးနေရာမရှိတဲ့အခါ ငွေကြေး ရှစ်သိန်း လောက် ကုန်ကျပြီးတော့ ဆောက်လုပ်ခဲ့တာဖြစ်တယ်။ အခုပြန်လည်ပြီးတော့ သန့်ရှင်းရေးတွေလုပ် တယ်။ ပြန်ပြီးတော့ ဆေးတွေသုတ်တယ်။ ပြန်ပြီးမွမ်းမံတာဖြစ်တယ်။ ဒေသရဲ့ကောင်းကျိုးအတွက် ပေါ့နော် လုပ်အားပေးတာဖြစ်လို့”၎င်းက ဆက်ပြောသည်။

 

အဆိုပါ Public Toilet ကို ကလေးမြို့ဖက်မှ ဖလမ်းမြို့အဝင် ကြိုဆိုပါ၏အနီး၌ ၂၀၁၂ ခုနှစ်က ဆောက်လုပ်တာဖြစ်ပြီး Public Toilet အတွင်းပိုင်းတွင် ရွံ့၊ အမှိုက်များ ပြည့်နေသဖြင့်ကာ လူလတ်အဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက သန့်ရှင်ရေးပြုလုပ်ပြီး မီးသတ်ယာဉ်ဖြင့် အမှိုက်များအား ပက်ဖျန်းခဲ့ကြောင်း သိရသည်။

ဂျွန်(ပြန်/ဆက်)