နေပြည်တော် ၈   ဇွန်

 

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ဇွန် ၇ ရက်နေ့က ရေမြောင်းတူးဖော်ရာမှ ဗုံးသီး ဟောင်းတစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

 

ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်နေ ဦးညီညီထွန်း (၄၈)နှစ်သည် ဇွန် ၇ ရက် နံနက် ၈ နာရီ ၁၀ မိနစ်က တစ်ရပ်ကွက်တည်းနေ ဦးစိန်ထွန်း (၅၄) နှစ်၏ နေအိမ်ရှေ့၌ ရေမြောင်းတူးဖော်နေစဉ် အလျား ၁၁ လက်မ၊ လုံးပတ် ၂ လက်မခွဲခန့်ရှိ ဗုံးသီးဟောင်း ၁ လုံး တွေ့ရှိ ကြောင်းသတင်းအရ အမှတ်-၁ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မတော်သားများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ ဗုံးသီးဟောင်းအား နယ်မြေခံတပ်သို့ သိမ်းဆည်း သယ်ဆောင်သွားကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။

 

MDN