မန္တလေး ၈ ဇွန်
မတ္တရာမြို့နယ်၊ သူဌေးကုန်းကျေးရွာအနီးတွင် မြစ်ကြောင်းသည် အင်္ဂလိပ်အက္ခရာ (၅)ပုံသဏ္ဍာန် ကွေ့ကောက်ပြီး စီးဆင်းနေသည့်အတွက် ရေလမ်းကြောင်းကောင်းမွန်ဖြောင့်တန်းစေရန် ရည်ရွယ်ပြီး ယခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့မှ စတင်ကာ သောင်တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့သည်ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတတက်ရေးဦးစီးဌာန(အထက်မြန်မာပြည်)မှ သိရသည်။ အဆိုပါဆောင်ရွက်မှုကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ၂၅၀ ဒသမ ၀၀ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၉၁ ရာခိုင်နှုန်းပြီးစီးအောင်မြင်နေပြီဖြစ်ကြောင်း သိရသည်။
အထက်မြန်မာပြည်တွင် သောင်တူးသင်္ဘော(၆)စီးရှိပြီး နှစ်စဉ်နှစ်တိုင်း လိုအပ်သည့်နေရာများတွင် သောင်တူးဖေါ်ခြင်းကို ဆောင်ရွက်ပေးနေသည်ဟု သိရပြီး ယခုလိုတူးဖေါ်ပေးခြင်းအားဖြင့် ရေလမ်းကြောင်းကို တည်ငြိမ်စေကာ သင်္ဘောများအတွက် လုံလောက်သည့်ရေအနက်ကို ရရှိစေသလို တစ်ဖက်တွင်လဲ ကမ်းပြိုကမ်းစားခြင်းမှ သက်သာစေသည့်အကျိုးကို ရရှိစေသည်ဟု သိရသည်။
#မန္တလေးရုံးခွဲ
MRTV


