ဝန်းသို   ၈  ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၌ ယမန်နေ့နှင့် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မကျည်းကုန်း၊ ဇီးဖြူပင်၊ ဂွေ့ကြီး၊ လက်ပံကြီးတော၊ အုတ်ဖို၊ သရက်အိုက်၊ ရှမ်းစု၊ စိန်လည်၊ သပြေသာ၊ အောင်းကုန်း စသည့် ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် ဒေါင်းမြူးချောင်းရေလျှံမှုကြောင့် စိုက်ပျိုးထားသော သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)