ဘားအံ  ၈  ဇွန်

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အုန်တစ်ပင်ကျေးရွာရှိ တောင်သူများအနေဖြင့် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် များကို စံပြအဖြစ် စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်များကို တောင်သူ ဦးစောမင်းဇော်ဦးက မြေအကျယ် (၂) ဧကကျော်တွင် ခဝဲ၊ ကြက်ဟင်းခါး၊ ရွှေဖယုံ၊ ဘူးတို့ကို ဆင်တင်သီနှံများ၊ ပဲတောင့်ရှည်၊  မုန်လာဉ၊ ရုံးပတီသီး၊ ခရမ်းချဉ်၊ ငရုပ်၊ ခရမ်းသီး၊ မုန်လာဉနီ၊ ငရုပ်ပွ စသည်တို့ကို စိုက်ပျိုးထားသည်။

 

မျိုးစေ့ထုတ်လုပ်သူများအသင်း ပြည်နယ်ဉက္ကဋ္ဌ ဦးစိုးသိန်းက “ကျွန်တော်တို့ ကရင်ပြည်နယ်မှာ ရေကြီးနစ်မြုပ်မှု မရှိတဲ့နေရာတွေမှာ မိုးရာသီ ဟင်သီးဟင်းရွက်စိုက်ခင်းတွေ တစ်ပိုင်တစ်နိုင် စိုက်ပျိုးသင့်ပါတယ်၊ အခုလို ကိုဗစ်-၁၉ ရောဂါကာလမှာ အလုပ်အကိုင်အခွင့်အလမ်း နည်းတဲ့အချိန်မှာ တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင် စိုက်ပျိုးသင့်တယ် လို့ ထင်ပါတယ်။ ဒီလိုစိုက်ပျိုးချင်တဲ့အခါ သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနမှာ နည်းပညာများကို သွားရောက် မေးမြန်းနိုင်ပါတယ်”ဟု လပြောသည်။

 

နေမျိုးလွင်(ပြန်/ဆက်)