ခရမ်း ၉ ဇွန်
ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးရွာလျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေမှုများနှင့် အထက ကျောင်းဆောင်သစ် တိုးချဲ့ဆောက်လုပ်နေမှုများကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ် အေးရွာကျေးရွာနှင့် ဝင်းကြီးကျေးရွာများတွင် လျှပ်စစ်မီးရရှိရေးအတွက် မီးတိုင်များ စိုက်ထူခြင်း၊ မီးမိန်းကြိုးများသွယ်တန်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပိန်ကန်ကျေးရွာ အထက ကျောင်းတွင် ၂၀၁၉/၂၀၂၀ဘဏ္ဍာရေးနှစ် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ခွင့်ပြု ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် (၁၀ဝ×၃၀) RC ၂ ထပ် ကျောင်းဆောင်သစ် တည်ဆောက်နေမှု များကို ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမင်းနှင့် တာဝန်ရှိသူများက လုပ်ငန်းခွင်များသို့ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)


