ပင်းတယ    ၉    ဇွန်    


ရှမ်းပြည်၊ တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ပြည့်သူဆေးရုံ  အစည်းအဝေးခန်းမ၌ ဆယ်ကျော်သက်လူငယ်များ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ သိကောင်းစရာများနှင့် လိင်အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာမို့မို့ကြည်က လူငယ်များသိထားသင့်သည့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ သိကောင်းစရာများနှင့် လိင်ပညာပေးခြင်းအကြောင်းအရာများ၊ ကျားမအခြေပြု အကြမ်းဖက်ခြင်းဆိုင်ရာ ကာကွယ်ပေးမှု ကျန်းမာရေးစင်တာများအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ Myanmar Partners in Policy and Research သုတေသန မိတ်ဖက်အဖွဲ့အစည်းမှ ဆရာဦးဇေယျာအောင်နှင့် အဖွဲ့ဝင်များတို့က ဆယ်ကျော်သက်မျိုးပွါးခြင်း အကြောင်းနှင့် လိင်အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးခြင်း အကြောင်းအရာများကို ရှင်းလင်း ပြောကြားပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြသည်။ 


အဆိုပါဆွေးနွေးပွဲသို့ Future Light Youth Network  နှင့် ရွှေဓနုပရဟိတအဖွဲ့မှလူငယ် ၂၃ ဦးတို့က တက်ရောက်ဆွေးနွေးခဲ့ကြပြီး ဇွန်လ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပင်းတယမြို့နယ်ရှိ CSO အဖွဲ့အစည်းများနှင့် ပရဟိတမောင်မယ်များတို့က နေ့အလိုက်အုပ်စုများခွဲကာ ဆွေးနွေးပို့ချ ပေးသွားမည်ဖြစ်ကြောင်း လည်းသိရသည်။


ခင်မျိုးနွယ်(ပင်းတယ)