သာယာဝတီ ၉ ဇွန်

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် နွေစပါးရိတ်တောင်သူများ ရိတ်သိမ်းလျှက်ရှိသည့် မိုးစိုစပါးများ လေလွင့်ဆုံးရှုံးမူမရှိစေရန် ရည်ရွယ်၍ ခရိုင်စက်မူလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းဇော်ဦးဆောင်၍ မိုးစပါးများကိုအခမဲ့အခြောက်ခံပေးခြင်း ဝန်ဆောင်မူများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

စက်မူလယ်ယာဦးစီးဌာနအနေဖြင့် သာယာဝတီခရိုင်တွင် မြို့နယ်ရှစ်မြို့နယ်ရှိ တောင်သူများ၏ လယ်ယာမြေများကို ထွန်ယက်ပေးခြင်း၊ ကောက်စိုက်စက်ဖြင့် ဝန်ဆောင်မူပေးခြင်း၊ ရိတ်သိမ်းခြွေလှေ့ပေးခြင်းနှင့် တောင်သူပိုင်၊ ပုဂ္ဂလိကပိုင် လယ်ယာသုံးစက်ကိရိယာများအား ပြင်ဆင်ပေးခြင်းတို့ကိုပါ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သာယာဝတီခရိုင် စက်မူလယ်ယာဦးစီးဌာနမှသိရသည်။

 

သန့်ဇော်(ပြန်/ဆက်)