ရန်ကုန်  ၉  ဇွန် 

 

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ရွှေလင်ပန်း စက်မှုဇုန် ရုံးခွဲ(လှိုင်သာယာ)တွင် အကျိုးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာန(၁၂)ခုမှ အာမခံ အလုပ်သမား(၄၅၃၅)အတွက် ၂၀၁၂ ခုနှစ်လူမှုဖူလုံရေးဉပဒေနှင့်အညီ လူမှုဖူလုံရေး အကျိုးခံခွင့် ၄၀ ရာခိုင်နှုန်း စုစုပေါင်း ငွေကျပ်(၇၀၈၃၀၅၆၀)   ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရွှေလင်ပန်းစက်မှုဇုန်ရုံးခွဲ၌ ရုံးခွဲတာဝန်ခံ ဒေါ်သန်းသန်းဆင့်မှ အာမခံအလုပ်သမားများကိုယ် စားစက်ရုံတာဝန်ခံများ ထံပေးအပ်ခဲ့ကြောင်း သိရသည်။

 

မေလ(၂)ရက်နေ့မှစ၍ ယနေ့အထိအကျုံးဝင် အလုပ်ဌာနပေါင်း(၃၄)ခုမှ အလုပ်သမားစုစု ပေါင်း(၁၄၃၈၄)ဦးအား ငွေကျပ်(၂၁၀၁၂၂၃၄၀)ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

 ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရန် ပိတ်သိမ်းခဲ့ရာမှ အာမခံအလုပ်သမားများ လစာ၏ ၄၀ ရာနှုန်းကိုပေး အပ်ခဲ့ကြောင်း အခြားစက်ရုံများလည်း တင်ပြထားပြီးဖြစ်၍ ခွင်ပြုမိန့်ရရှိပါက ဆက်လက်ပေးအပ် သွားမည်ဖြစ်ကြောင်း ရုံးခွဲတာဝန်ခံ ဒေါ်သန်းသန်းဆင့် ထံမှ သိရသည်။

 

နေမျိုးထွန်း(ရွှေပြည်သာ)