ကျိုက်မရော     ၉    ဇွန်    

 

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် စိုက်ပျိုးရာသီအတွင်း မိုးစပါးစိုက်ဧက (၄၉၇၆၆) စိုက်ပျိုးရန်လျာထားပြီး  ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာလာ၍ စပါးစိုက်ပျိုးရန် စတင်ဆောင်ရွက်နေပြီဖြစ်သည်။

 

ကျိုက်မရောမြို့နယ်တွင် ၂၀၂၀-၂၀၂၁ခုနှစ်အတွင်း မိုးစပါးစိုက် ဧကပေါင်း (၄၉၇၆၆) လျာထားပြီး ဖြစ်သော်လည်းမေလကုန်ထိ စပါးစိုက်ဧက (၁၂၇၃)သာစိုက် ပျိုးနိုင်သေးကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးလှတင်မောင်ထံမှသိရသည်။

 

ကျိုကိမရောမြို့နယ် ကျုံစိန်ကျေးရွာတွင် ယမန်နေ့နံနက်ပိုငိးတွင် စပါးစိုက်တောင်သူများအား တစ်ဧက တစ်တင်းနှုန်းဖြင့် လယ်ဧက(၅၅)ဧကအတွက် မျိုးစပါးများကို စိုက်ပျိုးရေး ဦးစီးဌာနမှ လာရောက် ဖြန့်ဝေပေးပြီး ကြိုးတန်းစိုက်နည်းကို စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးနှင့်ကွင်းတာဝန်ခံများက ကျုံစိန်ကျေးရွာ လယ်သမားကြီး ဦးဝင်းနိုင်၏ လယ်မြေ၌လက်တွေ့ သရုပ်ပြဆောင်ရွက် ပေးခဲ့ကြသည်။

 

ထို့နောက် ကိုဗစ်-၁၉ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးညွှန်ကြားချက်များ လိုက်နာခြင်းနှင့်အတူ စပါးစိုက်ပျိုး ထုတ်လုပ်မှုတွင်ထိခိုက်မှုမရှိစေရန်လိုက်နာဆောငိရွက်ရမည့်အကြံပြုနှိုးဆော်ချက်များနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ အခက်အခဲများနှင့် ပတ်သက်သည့် အကြံပြုချက် ပညာပေး လက်ကမ်းစာစောင်များကို တောင်သူဦးကြီးများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ချိုချို(ပြန်/ဆက် )