ဆီဆိုင် ၉ ဇွန်
အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများ တစ်ကိုယ်ရေသန့်ရှင်းမှုရှိစေရေးအတွက် အခြေခံပညာ ဦးစီးဌာနနှင့် ယူနီဆက်တို့ပူးပေါင်း၍ Wash in School ဆိုင်ရာလုပ်ငန်းဆွေးနွေးခြင်း ကို ဇွန် ၉ ရက် နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင် မြို့နယ်၊ မြကန်သာရပ်ကွက်အတွင်းရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
Wash in School ဆိုင်ရာလုပ်ငန်းဆွေးနွေးရာတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးသက်ဝင်း အပါအဝင် သင်တန်းနည်းပြ ၄ ဦးဖြင့် Wash in School အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျောင်းများမှ ဆရာ/ဆရာမ(၄၅)ဦးတို့ တက်ရောက်ပြီး Wash in School ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ Wash in School အကောင်အထည်ဖော်မည့်နေရာများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ Wash in School ဖော်ဆောင်ရာတွင် အထက်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ)၊ အလယ်တန်း ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)နှင့် မူလတန်းလွန် ကျောင်းတို့ကို တစ်ကျောင်းလျှင် လက်ဆေးစင် (၄)ခုစီ၊ မူလတန်းကျောင်းကို တစ်ကျောင်းလျှင် လက်ဆေးစင်(၃)ခုစီတို့ ထားရှိပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


