၉ ဇွန်
မြောက်ကိုရီးယားက ကိုရီးယားနှစ်နိုင်ငံကြားက ဆက်သွယ်ရေးကို ရပ်ဆိုင်းလိုက်ကြောင်း၊ တောင်ကိုရီးယားကို ရန်သူလို့ သုံးစွဲပြီး အခုလို ဆက်သွယ်ရေးဖြတ်တောက်လိုက်တာဟာ အရေးယူချက်တွေထဲက တစ်ခုဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောပါတယ်။
မြောက်ကိုရီးယားနယ်စပ်မြို့ဖြစ်တဲ့ ကေဆောင်းမှာ ဖွင့်လှစ်ထားတဲ့ ဆက်သွယ်ရေးရုံးကနေ နေ့စဉ် ဖုန်းဆက်သွယ်ရေးကို ဒီနေ့(အင်္ဂါနေ့)ကစပြီး ပိတ်လိုက်ကြောင်း ပြောပါတယ်။
နှစ်နိုင်ငံကြားက တင်းမာမှုတွေ လျော့နည်းစေရန် ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအပြီးမှာ ဆက်သွယ်ရေးရုံးဖွင့်ခဲ့တာဖြစ်ပါတယ်။
၁၉၅၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ စစ်ပွဲဟာ စစ်ပြေငြိမ်းတဲ့ သဘောတူညီချက် မရသေးတဲ့အတွက် တောင်နဲ့မြောက် ကိုရီးယားနိုင်ငံဟာ စစ်ပွဲဖြစ်နေတဲ့နိုင်ငံလို့ အဓိပ္ပါယ်သတ်မှတ်လို့ ရပါတယ်။
မြောက်ကိုရီးယား သတင်းဌာန (KCNA) က သတင်းထုတ်ပြန်ရာတွင် မြောက်ကိုရီးယားဘက်ကနေ တောင်-မြောက်ကိုရီးယား တာဝန်ရှိသူတွေကြား ဆက်သွယ်ရေးလိုင်းကို ဖြတ်တောက်ပြီး ၂၀၂၀ ပြည့်နှစ် ဇွန် ၉ ရက် နေ့လယ် ၁၂ နာရီအချိန်တွင် ပိတ်သိမ်းသွားမှာဖြစ်ကြောင်း ပါရှိပါတယ်။ အခုဆုံးဖြတ်ချက်ဟာ မြောက်ကိုရီးယားခေါင်းဆောင်ကြီးရဲ့ ညီမဖြစ်သူ ကင်ယိုချောင်းနဲ့ ပါတီရဲ့ ဒုဥက္ကဋ္ဌတို့က ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း KCNA သတင်းဌာနက ထုတ်ပြန်ပြောဆိုပါတယ်။
အခုကြေညာချက်ဟာ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ အမေရိကန်သမ္မတတို့ စင်ကာပူနိုင်ငံမှာ တွေ့ဆုံခဲ့တဲ့ သမိုင်းဝင်ဆွေးနွေးပွဲ ဒုတိယနှစ်ပတ်လည် မတိုင်မီ သုံးရက်အလိုမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။
MDN
ကိုးကား - AFP