၁၀ ဇွန်

 

၂၀၂၀ တိုကျိုအိုလံပစ် အားကစားပွဲများနှင့် ပတ်သက်သည့် အစီအစဉ်ကို စက်တင်ဘာလတွင် အဆုံးသတ်ရန် အပြည်အပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ( အိုအိုင်စီ ) စီစဉ်နေသည်ဟု သိရသည်။

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားမှုသည် တစ်နှစ်အတွင်း အားကစားပွဲများ ပြန်လည် ကျင်းပနိုင်ရေးအတွက် အိုလံပစ်ပွဲစီစဉ်သူများအပေါ် ဖိအားဖြစ်စေခဲ့သည်။

 

တိုကျို အိုလံပစ် အားကစားပွဲများကို လာမည့်နှစ် ဇူလိုင်လတွင် ပြန်လည်ကျင်းပရန် စီစဉ်ထားသည်။

 

အဆိုပါ အားကစားပွဲများ ရွှေ့ဆိုင်းခြင်းဖြင့် ဒေါ်လာ ဘီလီယံများစွာ ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

 

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီနှင့် အားကစားပွဲစီစဉ်သူများသည် အားကစားနည်း ၂၀ဝ ကျော် အတွက် ကုန်ကျစရိတ်များ လျှော့ချရန် နည်းလမ်းများကို စဉ်းစားနေကြသည်။

 

အိုအိုင်စီသည် စက်တင်ဘာလတွင် အပြီးသတ် လုပ်ဆောင်ရန်၊ အပြည်ပြည်ဆိုင်ရာ အားကစား အဖွဲ့အစည်းများ အားလုံးနှင့်အတူ ကုန်ကျစရိတ် လျှော့ချရန်နှင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်ရန် အစီအမံများ ဆွေးနွေးရန် စီစဉ်နေသည်။

 

အိုအိုင်စီသည် ယခုလနှောင်းပိုင်းတွင် တိကျသော အဆိုပြုချက်ကို အပြည်ပြည်ဆိုင်ရာ အားကစား အဖွဲ့အစည်းများထံ တင်ပြမည်ဟု မျှော်လင့်ရသည်။

 

ရွှေ့ဆိုင်းထားသော အိုလံပစ် အားကစားပွဲများ လာမည့်နှစ်တွင် ကျင်းပနိုင်ခြင်း ရှိ၊မရှိ နှင့်ပတ်သက်ပြီး ဆုံးဖြတ်ရန် အောက်တိုဘာလသည် အရေးကြီးသောလ ဖြစ်သည်ဟု အိုအိုင်စီ၏ ညှိနှိုင်း ဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင် အကြီးအကဲ ဂျွန် က ပြီးခဲ့သည့် မေလက ပြောကြားခဲ့သည်။

 

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို