ဆွမ်ပရာဘွမ် ၁၀ ဇွန်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများကို အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်) က ထုတ်ဝေသည့် ကိုဗစ်-၁၉ ရောဂါမပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့ သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက ဆွမ်ပရာဘွမ် မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်ရှိ မြို့ပတ်လမ်းနှင့် ပူတာအို-မြစ်ကြီးနားကားလမ်းရှိ မိဘပြည်သူများထံ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။
ယင်းသတင်းစကား လက်ကမ်းစာစောင်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Facebook စာမျက်နှာမှ ကိုဗစ်-၁၉ ကို အကောင်ဆုံး ခံနိုင်ရည်မွေးရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကို မိမိကစ၍ ကာကွယ်ပါ အဓိကသတင်း စကား(၁၀) ချက်၊ ကိုဗစ်-၁၉ရောဂါကူးစက်မှုနှင့် ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ အနုပညာရှင်များ၏ ကိုဗစ်၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ချက်များနှင့် စနစ်တကျ လက်ဆေးနည်းများ ပါဝင်သည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေမှုကို ဆွမ်ပရာဘွမ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကုဋေသန်းသန်းဌေးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်ရှိ မြို့ပတ်လမ်းနှင့် ပူတာအို-မြစ်ကြီးနား ကားလမ်းရှိ မိဘပြည်သူများထံ လက်ဝယ်အရောက် ဒုတိယအကြိမ် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကုဋေ


