မိုးနဲ ဇွန်  ၁၀

 

ရှမ်းပြည်နယ်‌(တောင်ပိုင်း) လင်းခေးခရိုင်၊မိုးနဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ကျန်းမာရေး ဌာန ၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ပူးပေါင်းအဖွဲ့ဝင်များ သည် သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက  မြို့နယ်အတွင်းရှိ တိုင်းရင်းဆေးအရောင်းဆိုင်များ၌ ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးရာတွင်  မြို့နယ်တိုင်းရင်းဆေးပညာ ဦးစီးဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဦးမျိုးသူလွင် ကဆေးဝါးများ ရောင်းချနေသော ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ၊ မှတ်ပုံတင် ထားခြင်းမရှိသော ဆေးဝါးအတုများ၊ သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးများရောင်းချခြင်း ရှိ/မရှိကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေအရ သတ်မှတ်ထားသည့် စည်းကမ်းချက်များပါရှိသည့် မြန်မာဘာသာဖြင့် ရေးသားဖော်ပြသော ဆေးဝါးများကို ရောင်းချရန်နှင့် ဝယ်ယူသူများ နစ်နာမှုရှိလာပါက စားသုံးသူ ကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်းကို ဆေးဆိုင်ပိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ (ပြန်/ဆက်)