၁၀ ဇွန်

 

အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၉၉၈၅ ဦး ရှိပြီး ရောဂါကူးစက်မှုကြောင့် ၂၇၉ ဦး ထပ်မံသေဆုံးခဲ့သည်ဟု အိန္ဒိယ ဖက်ဒရယ် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့မနက်ပိုင်းက ပြောကြားခဲ့သည်။

 

ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၂၇၆၅၈၃ ဦး ရှိပြီး သေဆုံးသူ ၇၇၄၅ ဦး ရှိသည်။

 

ဇွန် ၉ ရက် မနက်ပိုင်းတွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၆၆၅၉၈ ဦးရှိပြီး သေဆုံးသူ ၇၄၆၆ ဦး အထိရှိသည်။

 

ရောဂါကူးစက်ခံရပြီးနောက် ကျန်းမာရေး ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းသွားသူ ၁၃၅၂၀၆ ဦး ရှိသည်။

 

ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်ရန် နိုင်ငံတစ်ဝန်း အသွားအလာ ကန့်သတ်ထိန်းချုပ်မှုကို အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီ က မတ်လ ၂၅ ရက်နေ့က ကြေညာခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို