လက်ပံတန်း ၁၀ ဇွန်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အတွင်းရှိ စက်ရုံ အလုပ်ရုံများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ညွန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်မှုရှိမရှိကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် အလုပ်သမားများ ပါးစပ်နှင့် နှာခေါင်းစည်းများလုံခြုံစွာ တပ်ဆင်ထားခြင်း ရှိမရှိ၊ ၆ ပေ အကွာ နေရာသတ်မှတ်ထားခြင်းရှိမရှိ၊ လုပ်ငန်းခွင်သို့ ဝင်ရောက်ရာတွင် လက်ဆေးရန်နေရာ စီစဉ်ထားရှိခြင်း ရှိမရှိ စသည့် အချက်များပါဝင်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သတ်သော စက်ရုံအလုပ်ရုံများ လုပ်ငန်းခွင်များတွင် ဆောင်ရွက်ထားရှိရမည့် အချက်(၁၀)ချက်နှင့် အညီ စစ်ဆေး၍ လိုက်နာဆောင်ရွက်ရန်အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လက်ပံတန်းမြို့နယ် အတွင်းရှိ စက်ရုံ၊အလုပ်ရုံများစစ်ဆေးခြင်းအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှုး ဦးစိုးသူ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးကျော်စွာလင်း၊ ရဲအုပ်စောအောင်ဝင်းဝင်း၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးလင်းကျော်၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးမှုး ဦးချစ်ကိုကိုနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ လိုက်ပါ စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝင့်နန္ဒာဌေး


