နမ္မတူ   ၁၀  ဇွန်

 

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေတဲ့ကာလအတွင်း အခြေခံအိမ်ထောင်စုများ အဆင်ပြေစေ ရေးအတွက် နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် (၁၀)ခုအတွင်းရှိ အခြေခံအိမ်ထောင်စု (၄၇၇)စု အတွက် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ ဟင်းချိုမှုန့်၊ ကြက်သွန်နီ၊ အာလူး၊ ဆပ်ပြာမှုန့်နှင့် နှားခေါင်းစည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ယနေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့လှူဒါန်းရာတွင် စေတနာရှင်အလှုရှင်များ ဖြစ်ကြသော ဦးအောင်မြင့်ဦး- ဒေါ်ချိုချိုဝင်း (555 အပေါင်ဆိုင်)၊ ဦးမြင့်နိုင်-ဒေါ်စောရင်၊ ဦးရွှေသီး-ဒေါ်မြမြခက်၊ ဦးအေးမောင် (မိသားစု)၊ ဦးအောင်ထွန်း-ဒေါ်အားမိန်၊ ပန်းသီးစတိုး၊ ဦးဇော်ဦး- မခိုင် (ရွှေမင်း-ရွှေဆိုင်)၊ ဒေါ်အေးနန်း၊ လမ်းပြကြယ်ငွေစု/ငွေချေးအသင်း၊ ကိုအိုက်တူး၊ ကိုအားတာ၊ ကိုသားငယ်၊ ကိုပေါက်ချိုက်၊ ကိုဇော်-မနန်းသဇင်အေး (ရွှေဝါ)၊ မရီရီနိုင်မောင်နှမများ၊ ရွှေငှက်သုံးကောင်ကုမ္ပဏီ၊ နိုင်ထွန်းလွင်ကုမ္ပဏီတို့ပူးပေါင်း၍  ပန်ဟိုက်  (၁) ရပ်ကွက်အတွင်းရှိ အခြေခံအိမ်ထောင်စု (၃၇)စု၊ ပန်ဟိုက်  (၂) ရပ်ကွက်အတွင်းရှိ အခြေခံအိမ်ထောင်စု (၄၈)စု၊ ပန်ဟိုက်  (၃) ရပ်ကွက်အတွင်းရှိ အခြေခံအိမ်ထောင်စု (၇၁)စု၊ ပန်ဟိုက်  (၄) ရပ်ကွက်အတွင်းရှိ အခြေခံအိမ်ထောင်စု (၂၈)စု၊ ပန်ဟိုက်  (၅) ရပ်ကွက်အတွင်းရှိ အခြေခံအိမ်ထောင်စု (၁၀)စု၊ ပန်ဟိုက်  (၆) ရပ်ကွက်အတွင်းရှိ အခြေခံအိမ်ထောင်စု (၄၀)စု၊ ပန်ဟိုက်  (၇) ရပ်ကွက်အတွင်းရှိ အခြေခံအိမ်ထောင်စု (၁၁၄)စု၊ ပန်ဟိုက်  (၈) ရပ်ကွက်အတွင်းရှိ အခြေခံအိမ်ထောင်စု (၃၀)စု၊ ပန်ဟိုက်  (၉) ရပ်ကွက်အတွင်းရှိ အခြေခံအိမ်ထောင်စု (၅၃)စု၊ ပန်ဟိုက်  (၁၀) ရပ်ကွက် အတွင်းရှိ အခြေခံအိမ်ထောင်စု (၄၆)စု၊ တို့အတွက် တစ်အိမ်ထောင်လျှင်     ဆန် (၅)ပြည်အိတ် (၁)အိတ်၊ ဆီ (၅၀)သား (၁)ဘူး၊ ဆား (၅၀)သား (၁)ထုပ်၊ ဟင်းချိုမှုန့် (၂၅)ကျပ်သား (၁)ထုပ်၊ ကြက်သွန်နီ (၅၀)သား (၁)ထုပ်၊ အာလူး (၅၀)သား  (၁)ထုပ်၊ ဆပ်ပြာမှုန့် (၂)ထုပ်နှင့် နှာခေါင်းစည်း (၁)ခု၊ စုစုပေါင်း အိမ်ထောင်စု (၄၇၇)စုအတွက် ဆန်  (၂၃၈၅)ပြည်၊ ဆီ (၂၃၈) ပိဿာ (၅၀)ကျပ်သား၊ ဆား (၂၃၈) ပိဿာ (၅၀)ကျပ်သား၊ ဟင်းချိုမှုန့် (၁၁၉)ပိသာ (၂၅)ကျပ်သား၊ ကြက်သွန်နီ (၂၃၈) ပိဿာ (၅၀)ကျပ်သား၊ အာလူး (၂၃၈) ပိဿာ (၅၀)ကျပ်သား၊ ဆပ်ပြာမှုန့် (၉၅၄)ထုပ်နှင့် နှာခေါင်းစည်း (၆၀၀) အား ဖြန့်ဝေလှူဒါန်းခဲ့သည်။

 

ထိုသို့ထောက်ပံ့ လှူဒါန်းဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဖြစ်စေရေးအတွက် နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများမှ ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

လူမော် (ပြန်/ဆက်)