၁၀ ဇွန်

 

ဂျပန်နိုင်ငံ အရှေ့ပိုင်းနှင့် မြောက်ပိုင်းတွင် ဇွန် ၁၀ ရက်နေ့က ရာသီဉတု ဆိုးရွားနေသဖြင့် အပူလျှပ်နိုင်ဖွယ်ရှိကြောင်း ပြည်သူများကို သတိပေးပြောကြားထားသည်။

 

မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်  ဖူကူရှီးမား စီရင်စုရှိ အီရှီကာဝါမြို့နှင့် ဖူကူရှီးမားမြို့တွင်  အပူချိန် ၃၅ ဒသမ ၃ ဒီဂရီ စင်တီဂရိတ်၊ နာဂါနိုစီရင်စု ယူအီဒါမြို့တွင် ၃၅ ဒသမ ၁ ဒီဂရီစင်တီဂရိတ်၊ အီဝါတီခရိုင် မီယာကိုမြို့နှင့် နာဂါနိုမြို့တွင် ၃၄ ဒသမ ၇ ဒီဂရီ ရှိသည်။ တိုကျိုအလယ်ပိုင်းတွင် အပူချိန် ၃၁ ဒသမ ၃ ဒီဂရီ မြင့်တက်ခဲ့သည်။

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ဂျပန်နိုင်ငံရှိ ပြည်သူများသည် နှာခေါင်းစည်းများ တပ်ဆင်ထားကြသည်။ အပူချိန်မြင့်မားချိန်တွင် နှာခေါင်းစည်း တပ်ဆင်ခြင်းသည် အပူလျှပ်မှုနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ ဘေးဉပါဒ်များကို ဖိတ်ခေါ်နေသလို ဖြစ်နေကြောင်း ဖော်ပြထားသည်။

 

တိုကျိုမြို့တွင် ယမန်နေ့က အပူလျှပ်နိုင်ခြေရှိသော လူ ၃၀ ကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

 

နှာခေါင်းစည်း တပ်ထားချိန်တွင် ပြည်သူများ အနေဖြင့် ပြင်းထန်သော လေ့ကျင့်ခန်းများ မပြုလုပ်ကြရန်နှင့် အရည်များများ မကြာခဏ သောက်သုံးသင့်သည်ဟု ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားသည်။

 

ပြည်သူများ ခပ်ခွာခွာ နေထိုင်ပါက နှာခေါင်းစည်းများ တပ်ဆင်စရာမလိုပဲ ချွတ်ထားနိုင်သည်ဟုလည်း ၎င်းတို့က ဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို