နေပြည်တော် ၁၀ ဇွန်

 

အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက် ညနေ ၅ နာရီမှ ၉ ရက် ညနေ ၅ နာရီထိ ရန်ကုန်-မန္တလေးအမြန်လမ်း လှည်းကူးမြို့နယ် အမှတ်(၃) လမ်းဆုံတိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၂ စီး၊ ဘောနတ်ကြီးမီနီတိုးဂိတ်၌ မော်တော်ယာဉ် ၁ စီး၊ ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၈ စီး၊ နေပြည်တော်တိုးဂိတ်၌ မော်တော်ယာဉ် ၁၆ စီး၊ သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ် ၃ စီး စုစုပေါင်း ၃၀ စီး ဖမ်းဆီးခဲ့ကြောင်းနှင့် တံတားဦးမြို့နယ်၊ စကားအင်းတိုးဂိတ်၌ ခါးပတ်မပတ်ဘဲ မောင်းနှင်သော မော်တော်ယာဉ် ၂ စီးအား ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်းတရားရုံးများသို့ တရားစွဲတင်ပို့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား