နေပြည်တော် ၁၀ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ချပ်ကုန်းကျေးရွာနေ ရဲခိုင်(၃၃)နှစ်သည် ဇွန် ၉ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် အဆိုပါကျေးရွာအနီးရှိ လယ်တောသို့ သွားရောက်စဉ် မိုးကြိုးပစ်ခတ်ခဲ့သဖြင့် ၎င်းတွင် ခန္ဓာကိုယ်ညိုမဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားသဖြင့် ကောလင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ကန့်ဘလူမြို့မရဲစခန်း၌ သေမှုသေခင်းဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အလားတူ မင်းကုန်း(က)ကျေးရွာနေ အောင်ရဲဖြိုး (ခ) စိုးဖြူ (၂၀)နှစ်သည် ညနေ ၄ နာရီခွဲက အဆိုပါကျေးရွာအနီး လယ်ကွင်းအတွင်း၌ ကျွဲကျောင်းနေစဉ် မိုးကြိုးပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာများရရှိကာ သေဆုံးသွား၍ ဇီးကုန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ထန်းကုန်းနယ်မြေရဲစခန်း၌ သေမှုသေခင်းရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား