(၁၁-၆-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီ

 

၁။ (၁၀-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရာတွင်

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၅၅၄)ခုနှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL - MDY)မှ ဓာတ်ခွဲနမူနာ (၂၇၄)ခု၊ စုစုပေါင်း (၈၂၈)ခု အား (၁၁-၆-၂၀၂၀) ရက်နေ့၊ နံနက် အစောပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ -

 

• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦးတွေ့ရှိရပါသည်။

 

၂။ (၁၁-၆-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၄၉) ဦးရှိပါသည်။

 

၃။ (၁၀-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရာတွင်

 

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်နှင့် ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁၁၀၇)ခု၊

- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၅၅)ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL-MDY)မှ ဓာတ်ခွဲနမူနာ (၂၇၄)ခုနှင့်

- ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး၊ ခုတင် (၁၀၀၀) ဓာတ်ခွဲနမူနာ (၇၇)ခု၊

- စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၆၁၃)ခုအား စစ်ဆေးခဲ့ပါသည်။

 

Credit#ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန