သံတောင်ကြီး ၁၁ ဇွန်

 

ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန်အတွက် သံတောင်ကြီးမြို့နယ် တိုက်နယ်ကျေးလက်ကျန်းမာရေးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက သံတောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက် (၅)ရပ်ကွက်တွင် အဘိတ်ဆေးခတ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်ရာတွင် ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရန်အတွက် အိမ်တိုင်ရာရောက် ကျန်းမာရေးအသိပညာပေးခြင်း၊ သုံးရေသောက်ရေများ သန့်ရှင်းမှုရှိ/မရှိ စစ်ဆေးပေးပြီး အဘိတ်ဆေးများ ထည့်ပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်   လုပ်ငန်း ဆောင်ရွက်ပေးခြင်း၊ နေအိမ်များ သန့်ရှင်းမှုရှိစေရေးအတွက် ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)