၁၁ ဇွန်

 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာလအတွင်းမှာ ဉရောပသမဂ္ဂ အဖွဲ့ဝင် ခေါင်းဆောင်လေးဦးဟာ ပထမဦးဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပွဲကို မျက်နှာဖုံးတွေ လက်အိတ်တွေကို ဝတ်ဆင်ထားပြီး ဒီနေ့(ကြာသပတေးနေ့) မှ တက်ရောက်ကြမှာဖြစ်ပါတယ်။

 

ကွန်မြူနစ်နိုင်ငံဟောင်း လေးနိုင်ငံဖြစ်တဲ့ ချက်၊ ဟန်ဂေရီ၊ ပိုလန် နဲ့ စလိုဗက်နိုင်ငံတွေက ခေါင်းဆောင်တွေ ကပ်ရောဂါအလွန် ပြန်လည်တည်ဆောက်ရေး ရန်ပုံငွေအဖြစ် ယူရိုငွေ ၇၅၀ ဘီလီယံကိစ္စကို ချက်နိုင်ငံမှာ ဆွေးနွေးကြမယ်လို့ သိရပါတယ်။ အခု ဆွေးနွေးပွဲဟာ ကပ်ရောဂါ အတွင်းမှာ ဉရောပနိုင်ငံတွေက နှစ်ဦးထက်များတဲ့ ခေါင်းဆောင်တွေ တက်ရောက်မယ့် ဆွေးနွေးပွဲလို့ ဆိုရမှာဖြစ်ပါတယ်။

 

ချက်အစိုးရရဲ့ ပြောခွင့်ရသူ အမျိုးသမီးက ဆွေးနွေးပွဲ တက်ရောက်သူတိုင်း ပြည်သူတွေလိုဘဲ မျက်နှာဖုံး ဝတ်ဆင်ရမယ်။ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရမယ်။ လက်ဆွဲနှုတ်ဆက်ဖို့အတွက် လက်အိတ်တွေ စွပ်ထားရမယ်။ အဆာပြေမုန့်ကျွေးတဲ့ အခါလည်း ပိုးသတ်ထားတဲ့ ပစ္စည်တွေကို အသုံးပြုထားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အခုဆွေးနွေးပွဲမှာ ၂၀၂၁-၂၀၂၇ အထိ ဉရောပသမဂ္ဂရဲ့ ငွေကြေးကိစ္စ၊ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ရေး၊ ခရီးသွားလာရေးနဲ့ နိုင်ငံရွှေ့ပြောင်းလာသူများအရေးတွေပါ ဆွေးနွေးမယ်လို့ သိရပါတယ်။

 

MDN

ကိုးကား - AFP