မန္တလေး ၁၁ ဇွန်

မန္တလေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် ငါးစားသုံးခြင်းဖြင့် ကျန်းမာရေး အထူးသဖြင့် ကိုယ်ခံအား ကောင်းမွန်စေရေးအတွက် ပြည်သူများ သိရှိစေရန် ရည်ရွယ်၍ ပုသိမ်ကြီးမြို့နယ်၊ မြို့မစျေးရှေ့တွင် ပိုစတာစိုက်ထူခြင်း၊ စျေးအတွင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို (၉-၆- ၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် ခရိုင်ဦးစီးဌာနမှူး ဦးသော်ထွန်းဦးနှင့် ဝန်ထမ်းများ၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးလင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်လင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့မစျေးမှ စည်ပင်ဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။

MDN