မင်းတပ်  ၁၁  ဇွန်

 

မင်းတပ်မြို့နယ် စီးချဲ့ရပ်၊ ဦးလိန်ပိုင်းမောင်း၏ တစ်ပိုင်တစ်နိုင် ငါးသားဖောက်စခန်းတွင်  ခရိုင်ငါး လုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်၏ကြီးကြပ်မှုဖြင့် ငါးဆေးထိုးသားဖောက် သင်တန်းဖွင့်လှစ်ပို့ချခဲ့ရာ   တစ်ပိုင်တစ်နိုင်ငါးကန်ပိုင်ရှင်(၃)ဦးမှ ဆေးထိုးသားဖောက်ခြင်းကို လာရောက်လေ့လာခဲ့ပြီး ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများက မျိုးငါးရွေးချယ်ခြင်း၊ ငါးဆေးထိုးသားဖောက်ခြင်း စသည့် လုပ်ငန်းအဆင့်ဆင့်အား သင်တန်းသားများအား လက်တွေ့ သင်ကြားပို့ချပေးခဲ့ပါကြောင်း သိရသည်။ ငါးခုံးမကြီး ငါးမှုံ တစ်သိန်း၅သောင်းခန့်ရရှိကြောင်း သိရသည်။

 

MDN