ကန်ကြီးထောင့်  ၁၁  ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် သမဝါယမအသင်းစုမှ ကျန်းမာရေးနှင့် ညီညွတ်သည့် သန့်ရှင်းလတ်ဆတ်သော အခြေခံစားကုန်များအား ဈေးနှုန်းချိုသာစွာ ရောင်းချနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ ကန်ကြီးထောင့်မြို့နယ် သမဝါယမဦးစီးဌာနရုံး၊ ကန်ကြီးထောင့် စတိုးသမဝါယမအသင်းဆိုင်၊ ဒါးကကျေးရွာ ခိုင်ရတနာစတိုး သမဝါယမအသင်းဆိုင်နေရာများတွင် ဇွန် ၅ ရက်နေ့မှစတင်၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းသားများအား အတိုးမပါ ကုန်ကြွေးအရစ်ကျဆပ်စနစ်ဖြင့်လည်း ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ 

 

MDN