ဟဲဟိုး ၁၁ ဇွန်
ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့ရှိ တောင်သူများ စိုက်ပျိုးသောသီးနှံထွက်ကုန်များသည် ကိုဗစ်-၁၉ ကာလအတွင်း ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးရောင်းချရန် အခက်အခဲဖြစ်နေချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်း သမဝါယမအသင်းစုချုပ် လီမိတက်နှင့် ချိတ်ဆက်ဆောင်ရွက်၍ ဟဲဟိုးမြို့ရှိ သီးနှံစိုက်တောင်သူများထံမှ ဂေါ်ဖီထုပ်ပိဿာချိန် ၁၀,၀၀၀ အား ဝယ်ယူ၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေနံချောင်း၊ ချောက်၊ တောင်တွင်းကြီး၊ နတ်မောက်၊ မြို့သစ်၊ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ မင်းလှ၊ ဆိပ်ဖြူမြို့နယ်များရှိ အခြေခံသမဝါယမ အသင်းသားပြည်သူများထံသို့ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ဒေသပေါက်ဈေး ငွေကျပ် ၅၀၀/-ဖြစ်သော်လည်း သမဝါယမမှ အမြတ်အစွန်းမယူဘဲ သယ်ယူပို့ဆောင်ခအပြီး ငွေကျပ် ၁၈၅/- နှုန်းဖြင့်သာ ပြန်လည်၍ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သမဝါယမဦးစီးဌာနမှ သိရှိရသည်။
MDN


