ရန်ကုန် ၁၁  ဇွန်

မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး စည်းရုံးလှုံ့ဆော် ရေး ဆပ်ကော်မတီ နှင့် ပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီ အစည်းအဝေးများကို  ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် ဆပ်ကော် မတီဥက္ကဋ္ဌ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်နှင့် ဆပ်ကော်မတီဝင်များက ရုပ်ရှင်နှစ်(၁၀၀)ပြည့် ပွဲတော် နှင့်ပတ်သက်၍ ပြည်သူလူထု အကြား ပျံ့နှံ့သိရှိစေရန် အွန်လိုင်းမီဒီယာ တစ်ခုဖြစ်သော facebook Page တစ်ခု ထူထောင်ပြီး ရုပ်ရှင်ရာပြည့်နှင့်ပတ်သက်သော သတင်းများနှင့် လှုပ်ရှားမှုများလွှင့်တင် နိုင်ရေး၊  မြန်မာနိုင်ငံဂီတ အစည်းအရုံး နှင့် မြန်မာနိုင်ငံတေးသီချင်းမူပိုင်ရှင်များ အသင်းတို့ ပူးပေါင်းညှိနှိုင်း၍ ယခင်က နာမည် ကျော်ကြား ခဲ့သော ရုပ်ရှင် ဇာတ်ဝင်တေးသီချင်းများ မြန်မာသံစဉ် တေးသီချင်းများအပြင် ရုပ်ရှင်ရာပြည့်အတွက် သီချင်းသစ်များကို အရွယ် သုံးပါး ကြိုက်နှစ်သက်သည့် သီချင်းများရေးစပ်ရိုက်ကူးထုတ်လွှင့်နိုင်ရေး၊ မြန်မာ့ရုပ်ရှင် ရာပြည့်အမှတ်တရ အဖြစ် တေးသီချင်းပြိုင်ပွဲကျင်းပနိုင်ရေး၊ ယှဉ်ပြိုင်ပြီးသည့် ဇာတ်ဝင် တေးသီချင်းများကို စုစည်း၍ တေးသီချင်း Album  တစ်ခုထုတ်ဝေရေး ရုပ်ရှင်ရာပြည့်နှင့် ပတ်သက်သော အမှတ်တရပစ္စည်း ပြုလုပ်သွားရေး၊ ရုပ်သံလိုင်းများတွင် သမိုင်းဝင် ရုပ်ရှင်တေးသီချင်းများနှင့်ရုပ်ရှင်ကားများ၊ စကားဝိုင်း ဆွေးနွေးပွဲများနှင့် အင်တာဗျူး အစီအစဉ်များ ထုတ်လွှင့် ပြသရေး တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ယင်းနောက် ပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီ တတိယအကြိမ်အစည်းအဝေး ကို ဆက်လက် ကျင်းပရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက ဦးကြည်စိုးထွန်းနှင့် ဆပ်ကော်မတီဝင် များက မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ရုပ်ရှင်ဇာတ်လမ်းတို ပြိုင်ပွဲ၊ ကာတွန်း ရုပ်ရှင်ပြိုင်ပွဲနှင့် မှတ်တမ်းရုပ်ရှင် ပြိုင်ပွဲများ၊ Tik Tok ပြိုင်ပွဲများကို မြန်မာ့ရုပ်ရှင်ရာပြည့် အခမ်းအနား ကျင်းပရေး ရည်ရွယ်ချက် ()ရပ်နှင့်အညီ ဖိတ်ခေါ်ကျင်းပရေး၊ ဆုများစနစ် တကျ ရွေးချယ်နိုင်ရေး၊ ဆုချီးမြှင့်ရေးတို့အတွက် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ ပါဝင်သည့် စိစစ် အကဲဖြတ်အဖွဲ့ကို ဖွဲ့စည်းပြီး ဆုများ စနစ်တကျ ရွေးချယ် ဆောင်ရွက် ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

 ဥမ္မာ၊ ရီရီ