ဂန့်ဂေါ ၁၂ ဇွန်
ဂန့်ဂေါ- ထီးလင်း ကားလမ်း မောလယ်ရွာနှင့် ဆေးမင်းတောရွာကြား စက်နှီးချောင်းအနီးရှိ စက်နှီး ကွေ့ကို လမ်းဦးစီးဌာနက လမ်းဖြောင့်ခြင်းနှင့် ကတ္တရာခင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စက်နှီးကွေ့မှာ ကွေ့ချိုးဆင်းဖြစ်နေသဖြင့် ယာဉ်မောင်းများ သတိကြီးစွာဖြင့် မောင်းနှင်သွားလာရရာ ယင်းအခက်အခဲကို ပြေလည်နိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၇၆ သန်းဖြင့် ၂၀၁၉-၂၀၂၀ နှစ်တွင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
လုပ်ငန်းဆောင်ရွက်ရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပြူးလွင်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမင်းအောင်၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးသူရစိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဉာဏ်ဦးတို့ ပါဝင်သည့် အဖွဲ့သည် ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းဆိုင်ရာများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
MDN


