ကျောင်းကုန်း  ၁၂   ဇွန်

 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နေ သိက္ခာတော်ရဆရာ ဦးအောင်သက်ညွန့် က ကျောင်းကုန်း မြို့နယ် ပြည်သူ့ဆေးရုံသို့ နှာခေါင်းစည်းများနှင့်လက်သန့်ဆေးရည်များ လှူဒါန်းမှုကို ယမန်နေ့ညနေ ၅ နာရီအချိန် အဆိုပါ‌ပြည်သူ့‌ဆေးရုံ အရေးပေါ်ခန်းရှေ့၌ ကျင်းပရာ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအေးနိုင်က လက်ခံရယူခဲ့ပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

mdn

 

ထို့နောက် အလှူရှင်က ‌ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသူများအား နှာခေါင်းစည်း (၃၀ဝ)ခု ၊လက်သန့်ဆေးရည်(၁၀ဝ)ဘူးနှင့် ပညာပေးစာစောင်(၁၀ဝ)တို့ လိုက်လံလှူဒါန်း ပေးအပ် ခဲ့ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)