မယ်စဲ့ ၁၂ ဇွန်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာလအတွင်း ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဘောလခဲခရိုင် တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် အလက(ကျောက်စု) ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်း၊ နမ့်ပိန်းလင်ကျေးရွာ ရေပေးဝေရေးလုပ်ငန်း၊ ပန်တိန်းကျေးရွာ အရှည်(၀/၀.၃၂)မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ၇ လက်မ ဘုရားကျောင်း အဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ပန်တိန်းကျေးရွာတွင်းလမ်းပေါ်ရှိ ပေ ၂၀ ကျောက်စီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ လယ်တောကျေးရွာ ၁၁ ကေဗွီဓာတ်အားလိုင်း ၁၁/ဝ.၄ ကေဗွီ ၁၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံးနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း (၀.၅)မိုင် တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်း၊ မယ်စဲ့-ဟိုစဲ့ အမှတ်(၂)လမ်း အရှည်(၀/၄.၆၂) မိုင်အား တစ်ဖက် ၂ ပေစီချဲ့၍ ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် အမှတ်(၁)လမ်းပေါ်ရှိ (၅x၂၄) ပေကျောက်စီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်း Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဟိုစဲ့ တောင်ပေါ်စေတီသွားလမ်းပေါ်ရှိ ၂၅ ပေ သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် အထက(ဟိုစဲ့) ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းလုပ်ငန်းတို့ကို စစ်ဆေးခဲ့သည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များသည် မြို့နယ်အားကစားကွင်း ပွဲကြည့်စင် အဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ကားပါကင် တည်ဆောက်ခြင်းလုပ်ငန်း၊ တောင်ပိုင်းရပ်ကွက် မြို့ကွက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် နန်းစဲချောင်းတံတား တည်ဆောက်ခြင်းလုပ်ငန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၆ ခန်းတွဲ ၂ ထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်း၊ မန်းဘခိုင်လမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းနှင့် မြို့ကွက်လမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း၊ ဝမ်ကန်ကျေးရွာ နှစ်ခြင်းဘုရားရှိခိုးကျောင်းလမ်း ကတ္တရာခင်းခြင်း လုပ်ငန်း၊ ဝမ်ကန်ကျေးရွာတွင်းလမ်း အရှည် ပေ ၁၅၀၀ ကတ္တရာခင်းခြင်းနှင့် ကွန်ကရစ်ရေကျော်ပေ ၅၀ တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ အမက(ဝမ်ကန်) တန်ဖိုးနည်းဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်း၊ နန့်မန်းကျေးရွာတွင်း အရှည် ပေ ၃၃၀၀ ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် Box Culvert ၂ စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ နန့်မန်းရေလွှဲဆည် သဲနုန်းတူးဖော်ခြင်းနှင့် ရေဝင်မြောင်းတူးဖော်ခြင်းလုပ်ငန်း၊ နန့်မန်းရေလွှဲဆည် ရေပေးမြောင်းကွန်ကရစ်လိုင်းစီခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက် များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


