ရန်ကုန်  ၁၂  ဇွန်

 

ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်အချိန်က  အမှတ်(၉)ရပ်ကွက် မိုးမခလမ်းနေ ဦးကျော်ရွှေ နေအိမ်တွင် ဘုရားမီးပူဇော်ရန်အတွက် ဖယောင်းတိုင် ထွန်းရာမှ အောက်ခံအဖြစ်အသုံးပြုသော သစ်သားပြားမီးစွဲလောင်၍    မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ မီးလောင်ရာနေရာသို့ မြောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ၊မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ၊မြို့နယ်မီးသတ်ဦးစီးတို့မှ အနီးကပ်ကြီးကြပ်၍ မီးသတ်ယာဉ် ၇ စီး၊ရေသယ်ယာဉ် ၂ စီး ၊အုပ်ချုပ်မှုယာဉ်  ၁ စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၆ နာရီ ၅ မိနစ်အချိန်၌ မီးငြိမ်းသွားခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် ဦးကျော်ရွှေ၏ ဇနီးဖြစ်သူ ဒေါ်လုံး(ခ) ဒေါ်ညွှန်ညွှန်ရီ အသက်(၅၅)နှစ်နှင့် မြေးဖြစ်သူ မရှင်းသန့် အသက်(၁၆)နှစ် တို့ မီးလောင်ရာတွင် သေဆုံးခဲ့ပြီး ဦးကျော်ရွှေ အသက်(၅၇)နှစ် အားလှိုင်သာယာပြည်သူ့ ဆေးရုံတွင်( မစိုးရိမ်ရ) ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

           

မြသန္တာဝင်း(ပြန်/ဆက်)