ဘားအံ ၁၂ ဇွန်
ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြို့နယ်လူမှုဖူလုံးရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြဝတီမြို့နယ်ရှိ Apex Rubber Co.,Ltd သည် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်သည့် ကာလအတွင်း ယာယီပိတ်သိမ်း ခဲ့ရသည့်အတွက် ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့နယ် လူမှုဖူလုံရေးရုံးတွင် အလုပ်သမားများအား အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို ခွင့်ပြုထုတ်ပေးခဲ့သည်။
ထိုသို့ ခွင့်ပြုထုတ်ပေးရာတွင် ကရင်ပြည်နယ်လူမှုဖူလုံရေးရုံးမှ ပြည်နယ်တာဝန်ခံ ဦးဝင်းဦးက အာမခံအလုပ်သမား ၂၈၈ ဦးအတွက် ၄၀ ရာခိုင်နှုန်းအကျိုးခံစားခွင့် ငွေကျပ် ၂၄၇၈၀၈၀ (နှစ်ဆယ့်လေးသိန်းခုနှစ်သောင်းရှစ်ထောင် ရှစ်ဆယ်ကျပ်) ကို Apex Rubber Co.,Ltd မန်နေဂျာ ဒေါ်ထိုက်ထိုက်အား ခွင့်ပြုထုတ်ပေးခဲ့သည်။
အလားတူ ကိုဗစ်-၁၉ ကာလတွင်ပိတ်သိမ်းခဲ့သော အကျုံးဝင်မှတ်ပုံတင်ထားသည့် စက်ရုံအလုပ်ရုံများမှ အလုပ်သမားများ နစ်နာမှုမရှိစေရန်အတွက် လူမှုဖူလုံရေးအဖွဲ့မှ စစ်ဆေးပြီးပါက အကျိုးခံစားခွင့်များ ထုတ်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


