၁၂ ဇွန်
ကမ္ဘာတစ်ဝန်းတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုနှုန်းမှာ ၇၂၇၃၉၅၈ထိ တိုးမြှင့်လာခဲ့ပြီးနောက် သေဆုံးသူအရေအတွက်မှာ ၄၁၃၃၇၂ ထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြာသပတေးနေ့နှောင်းပိုင်းက ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၁၂၈၄၁၉ ဦးနှင့် သေဆုံးသူပေါင်း ၅၃၄၇ ဉီး ရှိကြောင်း ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီက နေ့စဉ်ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
နိုင်ငံများ၏ ကူးစက်ရောဂါ တိုက်ဖျက်ရာတွင် အကောင်းဆုံး ကာကွယ်မှုမှာ ရောဂါအမှုတွဲတိုင်းကို ရှာဖွေရန်၊ သီးခြားထားရှိရန်၊ စစ်ဆေးစောင့်ရှောက်ရန်နှင့် အဆက်အသွယ်တိုင်းကို ရှာဖွေရန်နှင့် ထိန်းသိမ်းရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့မြေထဲပင်လယ်ဒေသဆိုင်ရာ ညွန်ကြားရေးမှူးဖြစ်သူ အာမက် အာ မမ်ဟာရီက ထပ်လောင်းပြောဆိုခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဒေသခြောက်ခုအနက် အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရစ်ရောဂါ ဖြစ်ပွားသူပေါင်း ၃ဒသမ ၄၈ သန်းကျော်နှင့်အတူ အမြင့်ဆုံးစာရင်းတွင် ရှိနေခဲ့ပြီး ၂ဒသမ ၃၄သန်းနီးပါး ကူးစက်ခံထားရသည့် ဉရောပတိုက်က ဒုတိယနေရာရှိနေဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ထုန်ပြန်ချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်