၁၂ ဇွန်

 

ဘရာဇီးနိုင်ငံတွင် ယမန်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၀ဝ၀ဝ၀ နှင့် သေဆုံးသူ ၄၀ဝ၀ဝ ကျော်အထိ ရောက်ရှိလာခဲ့ကြောင်း ကျန်မာရေးဝန်ကြီးဌာ၏ အချက်အလက်များကို အခြေခံပြီး ဒေသန္တရမီဒီယာက  ဖော်ပြခဲ့ကြသည်။

 

၂၄ နာရီအတွင်း ရောဂါဖြစ်ပွားခဲ့သူပေါင်း ၃၀၄၁၂ ကျန်းမာရေးဝန်ကြီးဌာနက မှတ်တမ်းတင်ခဲ့ပြီးနောက် ဘရာဇီးနိုင်ငံတွင် ရောဂါဖြစ်ပွားသူပေါင်း ၈၀၂၈၂၈ ဉီးဖြစ်သည်ဟု ဆိုသည်။ အဆိုပါ အရေအတွက်သည် အမေရိကန်ပြည်ထောင်စုပြီးလျင် ဒုတိယအများဆုံး အရေအတွက်ဖြစ်သည်။

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်းက သေဆုံးသူပေါင်း ၁၂၀ဝ ကျော်ရှိခဲ့ရာ စုစုပေါင်း သေဆုံးသူပေါင်း ၄၀၉၁၉ ဉီးသို့ ရောက်ရှိသွားပြီဖြစ်သည်။

 

ကိုဗစ်-၁၉ ကူးစက်ခံနေရသည့် လူနာများ ၃၄၅၅၉၅ ဉီးကို နိုင်ငံအတွင်း ရောဂါဖြစ်ပွားကတည်းက ကုသမှုများပေးခဲ့ကြောင်း ကျန်မာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်