မြစ်သား ၁၂ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ကူမဲငါးလုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကာကွယ် ရေး ငါးရိက္ခာ များစားသုံးပေးဆိုသည့် အသိပညာပေးဗီနိုင်းစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီတွင် ကူမြို့ အခွန်လွတ်ဈေးနှင့် ကူမဲဈေးတို့တွင် ပြုလုပ်သည်။
ငါးရိက္ခာသည် ငတ်မွတ်မှုနှင့် အာဟာရဓါတ်ချို့တဲ့မှု တိုက်ဖျက်ရေးအတွက် အရေးကြီး သော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ငါးအာဟာရဓါတ်သည် စားသုံးသူပြည်သူများအတွက် အသားဓါတ်အပြင် ကျန်းမာစေသော အဆီဓါတ်၊ အိုမီဂါ-၃ အဆီအက်ဆစ်၊ အိုင်အိုဒင်း၊ ဗီတာမင်-ဒီနှင့် ကယ်လဆီယမ်များကိုလည်း ဖြည့်တင်းပေးနိုင်ကြောင်း၊ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများသည် မိမိတို့ အိမ်အတွင်း နေထိုင်ကြရ သဖြင့် စားသုံးသော အစားအစာများမှ အာဟာရဓါတ်မျှတစွာရရှိရေး ဂရုပြုစားသောက် ကြရမည် ဖြစ်ပြီး ငါးစားသုံးပေးခြင်းဖြင့်လည်း ငါးတွင်ပါဝင်သော ဗီတာမင်-ဒီမှ ရောဂါပိုးများ ခုခံကာကွယ်ရေးနှင့် ကိုယ်ခံစွမ်းအား ကောင်းမွန်ရေးအတွက်အထောက်အပံ့ဖြစ်စေကြောင်း ပြည်သူများသိရှိစေရန် အသိပညာပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကူမဲငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးစောအောင်ကိုလတ် က ပြောကြားသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ရေး ငါးရိက္ခာ များစားသုံးပေးသိပညာပေးဗီနိုင်းကို မြို့နယ် အုပ်ချုပ် ရေးမှူး ဦးအောင်မိုး၊ မြို့အုပ်ချုပ်ရေးမှူး ဦးသီဟဇော်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ ကူမဲမြို့တောက်ပရစ်ဇာတ်ရုံ ရှေ့တွင် စိုက်ထူပေးခဲ့ကြပြီး ကိုဗစ်-၁၉ ကာကွယ်ရေးငါးရိက္ခာများစားသုံး ပေးသိပညာပေး လက်ကမ်း စာစောင်(၂၅၀) ကို အခွန်လွတ်ဈေးနှင့် ကူမဲ ဈေးတို့တွင် ဈေးလာရောက်ဝယ်ယူသူများနှင့် ဈေးရောင်းချ သူများကို ဖြန့်ဝေအသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြစ်သားပြန်/ဆက်


