ဘောလခဲ ၁၂ ဇွန်
ကယားပြည်နယ်၊ဘောလခဲမြို့နယ် တောင်ငူ-မော်ချီး-လွိုင်ကော် မိန်းလမ်းမကြီးပေါ်ရှိ မြို့တွင်း ရှမ်းပိုင်းလမ်းတွင် ကျောက်စီရေနုတ်မြောင်း ပလက်ဖောင်း ဆောင်ရွက်နေမှုအခြေအနေအား ယနေ့နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေး ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာထွန်း၊ မြို့နယ်စည်ပင် သာယာရေး အမှုဆောင်အရာရှိဦးသန်းထိုက်ဦးနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များမှ လုပ်ငန်း ဆောင်ရွက်နေမှုအား လိုက်လံစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ လုပ်ငန်းအရည်အသွေး စံချိန်စံညွှန်းပြည့်မီရေးနှင့် လိုအပ်ချက်များရှိပါက အချိန်မီ ပေါင်းစပ်ဆောင်ရွက် သွားရန် စသည်တို့ကို မှာကြားစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ကျော်စွာမြင့်-ခရိုင်ပြန်/ဆက်


