၁၂ ဇွန်

 

သီရိလင်္ကာနိုင်ငံက ဩဂုတ် ၅ ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုပြီးနောက် သုံးလကျော် နောက်ဆုတ်လိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။

 

သီရိလင်္ကာနိုင်ငံမှာ ကပ်ရောဂါ ထိန်းချုပ်ရန်အတွက် ကန့်သတ်တားဆီး ပိတ်ဆို့မှုတွေကို တဖြည်းဖြည်းချင်း ရုပ်သိမ်းခဲ့ပေမယ့် ညမထွက်ရ အမိန့်ကတော့ ရှိနေသေးကြောင်း သိရပါတယ်။ ကျောင်းတွေကို ဒီလကုန်ပိုင်းမှာ ဖွင့်ဖို့ပြင်ဆင်ထားပြီး ဩဂုတ် ၁ ရက်နေ့ကနေ စပြီး နိုင်ငံခြားသား ခရီးသည်တွေ လာရောက်ခွင့် ပေးတော့မှာဖြစ်ပါတယ်။

 

လာမယ့် ရုံးပိတ်ရက် အတွင်းမှာ ရွေးကောက်ပွဲအတု တစ်ခု ကျင်းပသွားမှာဖြစ်ပြီး အဲဒီ ရွေးကောက်ပွဲဟာ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

 

ရွေးကောက်ပွဲကို မူလက ဧပြီ ၂၅ ရက်နေ့က ကျင်းပဖို့ဖြစ်ပြီး အဲဒီကနေ ဖျက်သိမ်းပြီး ရက်ရွှေ့ဆိုင်းခဲ့မှ ထပ်မံရွှေ့ဆိုင်းတာဖြစ်ပါတယ်။

 

လက်ရှိသမ္မတက အခုရွေးကောက်ပွဲမှာ သူ့ပါတီကနေ မဲ သုံးပုံနှစ်ပုံ အနိုင်ရဖို့ မျှော်လင့်နေပါတယ်။ သုံးပုံနှစ်ပုံသာ အနိုင်ရခဲ့မယ်ဆိုရင် ဖွဲ့စည်းအုပ်ချုပ်ပုံ ပြုပြင်နိုင်ပြီး သမ္မတရဲ့ အာဏာလည်း ပိုမို ခိုင်မာလာမှာဖြစ်ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ဦးရေ ၂,၀၀၀ ရှိပြီး သေဆုံးသူ ၁၁ ဦးရှိကြောင်း အစိုးရထုတ်ပြန် စာရင်းအရ သိရပါတယ်။

 

MDN

ကိုးကား - AFP