ကလေး   ၁၂   ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ် ကလေးဝ-ကျီကုန်း-တမူးလမ်း၊ မိုင်တိုင်အမှတ် ၁/၇ တွင် မိုးရွာသွန်းမှုကြောင့် သော့ဂျင်တောင်မှ သဲကျောက်လွှာများ ပြိုကျမှု ဖြစ်ပွားခဲ့၍ ဒဏ်ရာရရှိသူများနှင့် သေဆုံးခဲ့သူမိသားစုဝင်များအတွက် ထောက်ပံ့ငွေများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဇွန်လ ၁၂ ရက်နေ့က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

သော့ဂျင်တောင်မှ သဲကျောက်လွှာများပြိုကျမှုသည် ဇွန်လ ၁၁ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိခဲ့သည့် ဦးသူရမြင့်အတွက် ပြည်တွင်းထောက်ပံ့ငွေ ၅၀၀၀၀ ကျပ်နှင့် သေဆုံးခဲ့သည့် ဒေါ်ခင်မေဦးအတွက် ထောက်ပံ့ငွေ ၃၀၀၀၀၀ ကျပ်တို့ကို ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သျှင်နေမင်း (ဂန့်ဂေါ)