ရန်ကုန် ၁၂  ဇွန် 

 

မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဖျော်ဖြေရေး ဆပ်ကော်မတီ ပထမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဖျော်ဖြေရေးဆပ်ကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် ဆပ်ကော်မတီ ဥက္ကဋ္ဌ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနာယက ဦးအောင်လွင်နှင့် ဆပ်ကော်မတီဝင်များ၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး နာယကများက ရုပ်ရှင်နှစ် (၁၀၀) ပြည့်ပွဲတော်နှင့် ပတ်သက်၍ ရုပ်ရှင်တေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများ၊ တေးသရုပ်ဖော်၊ တစ်ခန်းရပ်ပြဇာတ် ၊ ပြဇာတ်ကြီး၊ အလှပြကားဖျော်ဖြေရေး အစီအစဉ် ၊ ရုပ်ရှင်အနုပညာရှင် သရုပ်ဆောင်များ၏ ရုပ်ပုံတူများနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးမည့်အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ရုပ်ရှင်နှစ် (၁၀၀) ပြည့်ပွဲတော်နှင့် ပတ်သက်၍ ငွေရတု၊ ရွှေရတု၊ စိန်ရတု ခေတ်အဆက်ဆက် တေးသီချင်းများ သရုပ်ဖော်နိုင်မည့် အစီအစဉ်၊ ကျင်းပနိုင်မည့်နေရာ၊ ရုပ်သံလိုင်းများတွင် ရိုက်ကူးပြသ ဖျော်ဖြေနိုင်မည့် အစီအစဉ်များ၊ 3D ရုပ်လုံးကြွ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးနိုင်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍  အကြံပြုဆွေးနွေးကြသည်။

 

ဥမ္မာ၊ရီရီ