နေပြည်တော်  ၁၂  ဇွန်


 
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ဝေသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်၊ စာအုပ်စာတမ်းများကို  မန္တလေးတိုင်းဒေသကြီးအစိုးရ၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးတရားလွှတ်တော်များသို့ လှူဒါန်းပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် (ကိုယ်စား) ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်သန်းမြင့်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး တို့တက်ရောက်ကြသည်။

 

ကော်မရှင်အဖွဲ့ဝင် ဦးအောင်သန်းမြင့်က ရည်ညွှန်းစာစောင်များ လှူဒါန်းပေးအပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ရည်ညွှန်းစာစောင် ၉၂ စုံအား လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)