မော်လမြိုင်ကျွန်း ၁၂ ဇွန်
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ စတုတ္ထတန်း (Grade-4) သင်ရိုးသစ် နည်းပြသင်တန်း အွန်လိုင်းမှ သင်ကြားခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၊မဟာဆောင်ခန်းမ ၌ ပြုလုပ်ခဲ့သည်။
မြို့နယ်အဆင့်စတုတ္ထတန်း (Grade-4) သင်ရိုးသစ်ကို အခြေခံပညာဦးစီးဌာန (ရုံးချုပ်)မှ Online Training အဖြစ် သင်ကြားပို့ချပေးရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၁၅၄) ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါ စတုတ္ထတန်း (Grade-4) သင်ရိုးသစ် နည်းပြသင်တန်း Online Training တွင် မြန်မာစာ၊စာရိတ္တ ( ၃၁ )ဦး၊ English ၊ ဂီတ (၃၁)ဦး၊ သချာ်နှင့် ပန်းချီ (၃၁) ဦး၊ လူမှုရေးနှင့် ဘ၀တွက်တာ(၃၁)ဦး ၊သိပ္ပံနှင့် ကာယ ၃၀တို့ တက်ရောက် သင်ကြားကြပြီး သင်တန်းကို ဇွန်လ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၂ ရက်အကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်သည်။
နည်းပြသင်တန်း ပြီးဆုံးပါက ယင်းသင်တန်း တက်ရောက်ခဲ့သော သင်တန်းနည်းပြ (၁၅၄)ဦးတို့သည် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ သင်တန်းသား ၁၅၄၀ တို့အား ဇွန်လ ၁၅ ရက်မှ ဇွန်လ ၂၁ ရက်နေ့ထိ Grade-4 Face to Face သင်တန်းအဖြစ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း၊မြို့မ အလယ်တန်းကျောင်းတို့တွင် အခန်းခွဲ (၇၇) ခန်း ဖြင့်ဆက်လက်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သီတာအောင်(ပြန်ဆက်)


