မြဝတီ ၁၂ ဇွန်
ဒေသတွင်း ငါးစားသုံးမှုဖူလုံပိုလျှံစေရေး၊ ငါးမျိုးများအစဉ်တည်တံ့ပြန့်ပွားစေရေးနှင့် ငါးသယံဇာတပြုန်းတီးမှု လျော့နည်း၍ ငါးမျိုးစိတ်များ ထိန်းသိမ်းနိုင်ရေးအတွက် မြဝတီခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးမျိုးကောင်းမျိုး သန့်များကို သားဖောက်ထုတ်လုပ်၍ နှစ်စဉ်အခမဲ့ ငါးမျိုးစိုက်ထည့်ပေးလျက်ရှိရာ ဇွန်လ ၈ ရက်နေ့က မြဝတီ မြို့နယ်အတွင်းမှာ ငါးသားပေါက်ကောင်ရေ ၉၀၀၀၀ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ငါးမျိုးစိုက်ထည့်ခြင်းကို မြဝတီမြို့ရှိ အမှတ် ၃၅၅ ခြေမြန်တပ်ရင်းအတွင်းရှိ ငါးမွေးမြူရေးကန်များမှာ ငါးခုံးမကောင်ရေ ၅၀၀၀၊ တီလားပီးယား ၃၅၀၀၊ ရွှေဝါငါးကြင်း ၃၀၀၀၊ ချောင်းဆုံကျေးရွာရှိ သောင်ရင်းမြစ်အတွင်းသို့ ငါးခုံးမကြီး ၅၀၀၀၀၊ မေတ္တာလင်းမြိုင်ကျေးရွာအတွင်းရှိ ငါးမွေးမြူရေးကန်များမှာ ငါးခုံးမ ၁၅၀၀၀၊ တီလား ပီးယား ၆၅၀၀ နှင့် ရွှေဝါငါးကြင်း ၇၀၀၀၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၉၀၀၀၀ အားငါးမျိုးစိုက်ထည့်ပေးခဲ့ ခြင်းဖြစ်သည်။
ထိုသို့ ငါးမျိုးစိုက်ထည့်ပေးခြင်းကို ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်အေးအေး ဇော်နှင့်တာဝန်ရှိသူများ၊ မြဝတီခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးသန်းဦးနှင့်ဝန်ထမ်းများက စိုက်ထည့်ပေး ခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ရေး ငါးရိက္ခာများစားသုံးပေး အသိပညာပေးမြေစိုက်ဘုတ်ကိုလည်း မြဝတီခရိုင်ငါးလုပ်ငန်း ဦးစီးဌာနရုံးရှေ့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


